Friday, August 15, 2008

တန်ဖိုးရှိမှန်းသိပါစေ

15th August,
(၁)
တန်ဖိုးရှိ တဲ့ ပစ္စည်းတွေ ဟာ၊ တန်ဖိုး သိတဲ့ သူလက်ထဲ ရောက်တဲ့အခါ၊တန်ဖိုး တက်ပါတယ်။ တန်ဖိုးမသိတဲ့ သူ လက်ထဲ ရောက်တဲ့ အခါ ၊တန်ဖိုးပျက်တက်ပါတယ်။(နီတိ)
အထက်ပါ နီတိ အရ မည်သူမဆို တန်ဖိုးသိတက် ဖို့အရေးကြီးပါတယ်။ ကိုယ်လက်ထဲ ရောက်လာတဲ့ ပစ္စည်း (သို့) အခွင့်အရေး ကို တန်ဖိုး ရှိရှိ အသုံး ချတက်ဖို့ အရေးကြီးပါတယ်။ ဒါမှသာ ဒီပစ္စည်း (သို့) အခွင့်အရေး ဟာ အသုံး ကျပြီး တန်းဖိုး တက်လာမှာ ဖြစ်ပါတယ်။ ဥပမာ အနေနဲ့ပြောရရင် တော ထဲ တောင်ထဲ က ရလာတဲ့ ကျောက် သံ ပတ္တမြား တွေ ဟာ ကျောက်အကြောင်း မသိတဲ့ သူလက်ထဲရောက်တဲ့အခါ ပစ္စည်းတန်ဖိုး ကျတက်ပါတယ်။ ကျောက်တန်ဖိုး သိတဲ့ သူလက်ထဲ လည်း ရောက်တဲ့အခါ ကျောက်ကို သွေးပြီး ထုဆစ် လိုက်တဲ့အခါ ဈေးကွက် မှာ စံချိန်မှီ တဲ့ ကျောက် ဖြစ်လာပြီး ကျောက်တန် ဖိုးမြင့်တက်လာမှာဖြစ်ပါတယ်။
(၂)
ကျွန်ုပ်တို့မှာလည်းတန်ဖိုးရှိတဲ့အရာ တစ်ခုကို ပိုင်ဆိုင်ထားကြပါတယ်။တန်ဖိုးသိသိအသုံးချတက်ဖို့သာအရေးကြီးပါသည်။ အဲဒါကတော့”လူဖြစ်ရခြင်း”ဆိုတဲ့ အရာပါပဲ။ မိမိတိုလက်ထဲရောက်နေတဲ့ “လူ” ဆိုတဲ့ အခွင့်အရေးကို လက်တွေ့ အသုံးချတက်ဖို့အရေးကြီးပါတယ်။ ဒီနေရာမှာ လူဆိုတဲ့ဝေါဟာရကိုတော့ အကြမ်းပြင်းသိထားဖို့လိုပါတယ်။ လူဆိုတဲ့ဝေါဟာရကို ပါဠိ စာပေမှာ “မနုဿ” လို့ ဖွင့်ဆိုပါတယ်။ မန ဓါတ် ဥဿ ပစ္စည်း လို့ဓါတ်ခွဲလို့ရတာပေါ့။ သိတက်လို့ လူလို့ခေါ်ပါတယ်တဲ့။ လူရယ်လို့ဖြစ်လာရင်အကြောင်း အကျိုး ကို သိတက် ရပါမယ်။ အကျိုးး အပြစ်ကို လည်း ပိုင်းခြား သိတက်ရပါမယ်။ ကုသိုလ် အကုသိုလ် ကို လည်း ခွဲခြား သိတက်ရပါမယ်။ လူဖြစ်ပြီး အကျိုရှိ၊မရှိ။ အပြစ်ရှိ၊မရှိ။ ကုသိုလ်၊အကုသိုလ် လည်း ပိုင်းခြား မသိ။အတိတ်အကြောင်း ၊ပစ္စုပ္ပန်အကြောင်း ၊ အနာဂတ်အကျိုး တွေ ကိုလည်း ဘာမှန်း မှမသိရင်အဲဒီလူဟာ လူဖြစ်ကျိုးမနပ်လို့“လူ့အန္ဓ” လို့ခေါ် ရပါမယ်။

(၃)
မိမိတို့တွေရထားတဲ့လူ့ဘဝဟာဘယ်လောက်တန်ဖိုးကြီးမာြး့ပီး အဲဒီတန်ဖိုးရှိတဲ့ဘဝကို တန်ဖိုးရှိမှန်းသိပြီး အသုံးချတက်ဖို့မြတ်စွာဘုရားရှင်ဟောကြားခဲ့တဲ့ဣတိဝုတ်ပါဠိတော်ကိုကိုးကားပြီး ဖေါ်ပြပါမယ်။
မြတ်စွာဘုရားရှင် ကိုယ်တော်မြတ် သာဝတ္ထိပြည်၊ဇေတဝန် ကျောင်းမှာ သတင်းသုံးနေတဲ့အချိန်၊ ညဉ့်ဦးယံရောက်တဲ့အခါ အခါတိုင်း လူတွေ စုဝေး ရောက်လာ ပြီး တရားနာခြင်း၊ ပု စ္ဆာမေးခြင်း အမူတွေပြုကြပါတယ်။ တနေ့မှာ မြတ်စွာဘုရား ရှင် က ချစ်သားတို့ ---နတ်ပြည်မှာ နတ်သားတစ်ယောက် စုတေတော့မယ်ဆိုရင် ရှေးဦးစွာ ဗုဗ္ဗနိမိတ် ငါးပါးဖြစ်လေ့ရှိပါတယ်ဘုရား။ အဲဒီငါးပါးက တော့ (၁) နတ်ဝတ်တန်ဆာ တွေ ညိုးနွမ်းလာခြင်း (၂) နတ်ပန်းတွေလည်း ညိုးနွမ်းလာခြင်း (၃) လက်ကတီးကြားက ချွေးဆိုးများ ယိုစီးလာခြင်း။ (၄) နတ်အဆင်းအင်္ဂါများ ဖောက်ပြန်လာခြင်း။ (၅) နေလို့ထိုင်လို့မကောင်းပဲ ဟိုပြေး ဒီပြေး လျှောက်ပြေးနေခြင်း တို့ဖြစ်ပါတယ်။
ဆောင်ပုဒ်။ ။ ဝတ်ငြစ်ပန်းညိုး၊ ချွေးဆိုး ယိုဖြာ။
မလှအဆင်း ၊နေခင်းမသာ။
နတ်စုတေ့ ၊ဖြစ်လေ့ဓမ္မတာ။
အဲဒီလို နတ်သားအမူအရာကို မြင်ရတဲ့အခါ အနီးအနားမှာရှိတဲ့နတ်သားတွေက အောက်ပါအတိုင်း အားပေးစကား သုံးခွန်းကို ပြောလေ့ရှိကြပါတယ်။ အသင်နတ်သားရေ (၁) သုဂတိ ဘုံဘဝကို ရောက်အောင် သွားလိုကိစမ်းပါ။(၂) လာဘ်ကောင်းကို ရအောင်ယူပါ။ (၃) ခိုင်ခံ့အောင် လုပ်ခဲ့ပါ လို့အားပေးကြပါတယ်။
မြတ်စွာ ဘုရား တရားဟောနေစဉ်မှာပဲ တရားနာပရိသတ်ထဲမှ ဒကာတစ်ယောက် က လျှောက်ထားပါတယ်။ ဘုန်းတော်ကြီးမြတ်တဲ့မြတ်စွာဘုရား----နတ်သားတွေပြောတဲ့ သုဂတိဘုံဘဝ ဆိုတာ ဘယ်ဘုံ ကိုခေါ်ပါသလဲဘုရား။။နတ်ဘုံဟာလည်း သုဂတိဘုံ မဟုတ်ပါလားဘုရား။
ချစ်သားတို့နတ်ပြည်က ပြောနေတဲ့ သုဂတိဘုံ ဆိုတာ သင်တို့ပြောနေ နတ်ဘုံမဟုတ်ပါ။ ယခုသင်တို့နေထိုင်နေတဲ့လူ့ဘုံကိုဆိုလိုတာပါပဲ။
ကဲ --ဒါဆိုရင် လူ့ဘုံနဲ့နတ်ဘုံ ဘယ်ဘုံကမြတ်တယ်ထင်ပါသလဲ။ မိမိတို့နေထိုင်နေတဲ့လူ့ဘုံက မြင့်မြတ်တယ်ဆိုတာ သဘောပေါက်လောက်ပါတယ်။ တကယ်တမ်းတော့နတ်ဘုံဟာ သုခသက်သက်ရှိတဲ့ဘုံလို့ခေါ်လို့ရပါတယ်။ လူပြည်မှာလို လယ်ထွန်ဖို့မလို၊ရုံးတက်ဖို့မလို၊စီးပွားရှာဖို့မလိုပဲ အစစအရာပြည့်စုံနေတဲ့ဘုံဖြစ်ပါတယ်။ နတ်သားတွေကြည့်လိုက်ရင် အသက်(၂၀)အရွယ်ကဘယ်တော့မှမလျှော့ဘူး၊ နတ်သမီးတွေကြည့်လိုက်ရင်လည်း (၁၆) နှစ်ရွယ်အတိုင်းနုပျိုလန်းဆန်းနေပါတယ်။ ဘယ်တော့မှချွေးမထွက်ဘူး။ ခန္ဓာကိုယ်ကနတ်ပန်းတွေ၊နတ်ဝတ်တန်ဆာတွေက အမြဲတမ်း လန်းဆန်း တောက်ပြောင်နေပါတယ်။ စားချင်တဲ့အခါ နတ်သုဒ္ဓါကို အဆင်သင့်သုံဆောင်ရုံပါပဲ။ နန္ဒဝန်ဥယျာဉ် ထဲသွားလိုက်ရင်လည်း နတ်သမီးတွေ နတ်သားတွေအတွက်ပျော်မွေ့စရာအာရုံတွေပြည့်နှပ်နေတာပါတယ်။ ဒါကြောင့်နတ်ပြည်ဟာ လူပြည်ထက် လောကပေတံ(သို့) ကာမပေတံနဲ့တိုင်းရင် မြတ်ပါတယ်။ ဒါပေမဲ့သတိ၊သူရဘာဝ၊ဗြဟ္မစရိယ လို့ အဋ္ဌကထာဆရာက လူပြည်က နတ်ပြည်ထက်သာတဲ့အချက်(၃) ချက်လည်းဖွင့်ပြထားပါတယ်။ နတ်ပြည်ဟာကာမအာရုံများ ပြီး သုခသက်သက်ခံစားနေရတော့ ကုသိုလ်ပြုဘို့မေ့နေတက်ပါတယ်။ လူပြည်ဟာ နတ်ပြည်လို ကံသက်သက်ဘုံမဟုတ် ဘဲသုခ နဲ့ဒုက္ခရောပြွမ်းနေတော့ ကုသိုလ်ပြုခွင့်အခွင့်အရေးတွေ မမေ့ပါဘူး။ပြုရဲတဲ့သတ္တိလည်းရှိပါတယ်။ ဘုရားအလောင်းတို့မည်သည်လူပြည်ကပဲ ပွင့်ပြီး ဘုရားဖြစ်ကြပါတယ်။နိဗ္ဗာန်ကိုရောက်ကြောင်းြှဗဟ္မစရိယအကျင့်တွေ များများကျင့်နိုင်တာ လူပြည်ဖြစ်လို့ နတ်ပြည်ထက်ဓမ္မပေတံနဲ့တိုင်းရင် သာတယ်လို့ဆိုရပါမယ်။
ကဲ ဒါဆိုရင် သုဂတိဘုံဟာ လူဘုံဖြစ်တယ်ဆိုတာသဘောပေါက် လောက်ပါပြီ။
လူနဲ့နတ်နဲ့ဘယ်သူက သာသလဲ နဲ့ပတ်သတ်ပျြီး စာရေးသူ ရွာတရွာ မှာ တရား သွားဟောတုန်းက တရားနာပရိတ်သတ်တွေ မရှင်းမှာ ဆိုးလို့ ဥပမာ လေးတခု ပေးခဲးရပါသေးတယ်။ ကဲ့ ရွာထဲမှာ အမြဲ မူးနေတဲ့ မောင်လှနဲ့ ဘုရားတရား အမြဲလုပ်ပြီး ရပ်ရေးရွာရေးဆောင်ရွက်နေတဲ့ ဦးခင် နဲ့ ပရိတ်သတ် ဘယ်သူ က သာလဲ? မေးတော့ပရိသတ်တွေအားလုံးက တပြိုင်နတ်ထဲ ဖြေလိုက်တဲ့အဖြေကတော့ ဦးခင်က သာပါတယ်ဘုရားတဲ့။ ဒါပေမယ့်စာရေးသူက အဖြေတခုပေးလိုက်တယ်။ မဟုတ်ဘူး မောင်လု သာတယ် လို့။ ပရိသတ်တွေ ဦးခင်ဖတ်လှည့်ပြီး သံသယ မျက်လုံးတွေနဲ့ကြည့်နေကြတယ်။ ဦးခင်များ ဘုရားငွေတွေ၊ပြည်သူပိုင်ငွေများ ဗလောင်ဗလဲ လုပ်မိလိုလား အကြည့်များနဲ့ပေါ့။ တရားနာပရိတ်သတ်မယုံဘူးလား မောင်လှ က ဦးခင်ထက်သာတယ်ဆိုတာ။ ဒီမှာ ဦးဇင်းရှင်းပြမယ်။ အကြောင်းအရာတခုကို ဖြေရှင်တော့မယ်ဆို ရင် သူရဲ့standard ခေါ်တဲ့ အတိုင်းအတာပေတံပေါ်မူတည်ပြီး အနီးအဝေး။ အယုတ် အမြတ်။ အနိမ့် အမြင့်တို့ကိုနိုင်းယှဉ်ရပါတယ်။ ယခု ဦးဇင်းအမြင်ရူထောင့်က မောင်လှ နဲ့ဦးခင်ကို မိုက်တဲ့ပေတံနဲ့ တိုင်းတာကြည့်တာပါ။ မိုက်တဲ့ပေတံနဲ့တိုင်းတော့ မောင်လှက မသာဘူးလား။ ပရိသတ်တို့က လည်းမှန်ပါတယ်။ လိမ္မာတဲ့ပေတံနဲ့တိုင်းကြည့်ရင် ဦးခင်ကမသာဘူးလား။ ဒီလိုပါပဲ နတ်ပြည်နဲ့ လူ့ ပြည် လောကပေတံနဲ့တိုင်းရင် နတ်ပြည်က သာတယ်။ ဓမ္မပေတံနဲ့တိုင်းရင် လူပြည်ကသာတယ်ဆိုတာ ရှင်းလောက်ပါ တယ်။
နံပါတ်(၂)မှာတမ်းကိုသွားကျရအောင်။ လာဘ်ကောင်းကိုရအောင်ယူခဲ့ပါတဲ့။
အဲဒီစုတေသွားတဲ့နတ်သားသုဂတိဘုံခေါ်တဲ့လူ့ဘုံရောက်ရင် လာဘ်ကောင်းကိုရအောင်ယူခဲ့ဖို့မှာကြပါတယ်။ တရားနာပရိသတ်တွေကတော့လာဘ်ကောင်းဆိုတာ ထီပေါက်အောက်များလုပ်ခိုင်းတာလား။ဒါမှမဟုတ်စိန်ရွှေရတနာတွေများ ရအောင်ယူခိုင်းတာလားလို့စဉ်းစားကောင်းစဉ်းစားပါလိမ့်မယ်။ဒါပေမယ့်ဒီနေရာမှာမြတ်စွာဘုရား နတ်သားတွေရဲ့ဆိုလိုချက်ကိုဟောတာကတော့---ချစ်သားတို့နတ်ပြည်က ယူခိုင်းတဲ့လာဘ်ကောင်းဆိုတာ တခြားမဟုတ်ပါဘူး။ ဘုရား၊တရား၊သံဃာ၊ကံ ကံရဲ့အကျိုးနဲ့မိမိအားထုတ်တဲ့ဝိပဿနာ အလုပ်တွေကိုယုံကြည်တဲ့”သဒ္ဓါတရား” ဆိုတဲ့လာဘ်ကောင်းပဲဖြစ်ပါတယ်”။
မှန်ပါတယ် လောကီလုပ်ငန်းကိစ္စ၊လောကုတ္တရာ လုပ်ငန်းကိစ္စမည်သည့်လုပ်ငန်းကိုဖြစ်စေ ယုံကြည်ချက်မပါရင်လုပ်လို့မရပါဘူး။ ဥပမာ ။။ ဘုရား၊တရား၊သံဃာ ၊ကံ ကံရဲ့အကျိုးတွေကို မယုံကြည်ပဲ ဒါနမူ၊သီလမူတွေကို ပြုလို့ရမှာမဟုတ်ပါဘူး။ယုံကြည်ချက်သဒ္ဓါတရားမရှိဘဲ လုပ်တဲ့အလုပ်တွေဟာလည်းဘယ်တော့မှအောင်မြင်မှာမဟုတ်ပါဘူး။ဒါကြောင့်သဒ္ဓါတရားဟာမျိုးစေ့တို့
လှော်တက်တို့နဲ့တူတယ်လို့ပြောကြခြင်းဖြစ်ပါတယ်။ နတ်ပြည်ကနတ်သားတွေကတော့ သဒ္ဓါကိုလာဘ်နဲ့ နိုင်းယှဉ်ပြီး ဘုရား၊တရား၊သံဃာ၊ကံ ကံရဲ့ အကျိုးတွေကိုယုံကြည်တဲ့လူတယောက်ဖြစ်အောင်အားပေးကြပါတယ်။
နောက်ဆုံးတိုက်တွန်းချက်ကတော့ခိုင်ခန့်အောင်လုပ်ပါတဲ့။ အဲဒါကတော့အတော်မြင့်တဲ့အားပေးမူပါပဲလို့မြတ်စွာဘုရားကဆက်ဟောပါတယ်။ နတ်ပြည်ကစုတေ တဲ့နတ်သား သုဂတိလူ့ဘုံ ရောက်ပြီး သဒ္ဒါတရား နဲ့ပြည့်စုံလာရင် နောင်ဒီလိုမြင့်မြတ်တဲ့ဘုံဘဝမှပြုတ်မကျသွားအောင်နဲ့ အထက်အထက်နိဗ္ဗာန်တွေ ဆက်တိုက် တက်လှမ်းနိုင်အောင် အပါယ်မကျနိုင်တော့ပဲ ခိုင့်ခံတဲ့မဟာသောတာပန် ဖြစ်အောင်ကျိုးစားခိုင်ခြင်းဖြစ်ပါတယ်။
ခိုင်ခန့်တဲ့သောတာပန်ဖြစ်ဖို့ အင်္ဂါလေးရပ်နဲ့ပြည့်စုံရမယ်လို့ မြတ်စွာဘုရား ကဟောထားပါသေးတယ်။ အဲဒါကတော့ (၁) သပ္ပုရိသူပသံဝါသော= သူတော်ကောင်းကို ဆည်းကပ်ရပါမယ်။
(၂) သဒ္ဓမ္မဿဝနံ= သူတော်ကောင်းတွေရဲ့တရားကိုနာရပါမယ်။
(၃) ယောနိသောမနသိကာရော=သင့်တင့်လျှော်ကန်တဲ့နှလုံးသွင်းမူရှိရပါမယ်။
(၄) ဓမ္မာနုဓမ္မပဋိပ္ပတ္တိယာ= လောကုတ္တရာတရားကိုးပါးအားလျှော်သောအကျင့်ကိုကျင့်ရပါမယ်။
ဒါကြောင့်လမ်းကြောင်း တခုအဖြောင့်ရောက်ဖို့ဟာ သူတော်ကောင်းပတ်ဝန်းကျင် ဟာ အလွန်အရေးကြီးပါတယ်။ ကာယကံကောင်းကောင်း၊ဝစီကံကောင်းကောင်း၊မနောကံ ကောင်းကောင်း ဖြင့် မျက်မှောက် မျက်ကွယ် ကောင်းကောင်း ပြုမူတက်တဲ့ သူတော်ကောင်းတွေနဲ့ တွေ့ရင်လည်းကိုယ်ကချဉ်းကပ်တက်ဖို့လည်းလိုပါတယ်။ သူတော်ကောင်းတွေဆိုဆုံးမတဲ့နိဗ္ဗာန် ရောက်ကြောင်းတရားတွေကို နာယူမှတ်သားပြီး ကျင့်ကြံတက်ဖို့လည်း အရေးကြီးပါတယ်။ သူတော်ကောင်းတရားတွေ နာကြားပြီး ခန္ဓာမှာဖြစ် ပျက်နေတဲ့ရုပ်ဓမ္မ၊နာမ်ဓမ္မတွေရဲ့ မမြဲမူ၊ဆင်းရဲမူ၊အစိုးမရမူတွေကို မိမိတိုရဲ့ဉာဏ်မှာထင်လာပြီး ဒါတွေကိုအမှန်အတိုင်းမြင်လာရင်နှလုံးသွင်းမှန်လာတယ်ဆိုရပါမယ်။ အဲဒီလိုမြင်ပါများလာရင် အမြဲတမ်း အဖြစ်နဲ့အပျက်ပဲရှိတဲ့ရုပ်လောက၊နာမ်လောကကြီးကို လိုချင်တော့မှာမဟုတ်ပါဘူး။ မလိုချင်ရင် ဒီခန္ဓာငါးပါးဒုက္ခ သစ္စာ ကြီးကို မုန်းတဲ့ဉာဏ် နိဗ္ဗိန္ဒဉာဏ် တွေဝင်လာပြီး တဖြေးဖြေးနဲ့ ဒုက္ခဆုံး အပါယ်ဆုံး တဲ့မဂ်ဉာဏ် ကိုရောက်ပြီး ခိုင်ခန့်တဲ့မဟာသောတာပန်တယောက်ဖြစ်လာနိုင်ပါတယ်။
မိမိတို့ဘဝတွေဟာ ခိုင်ခံ့တဲ့မဟာသောတာပန်မဖြစ်သ၍ မတည်မြဲသေးပါဘူး။ လှော်ကဲရထားကြီးဟိုဘူတာဒီဘူတာ ရပ်ပြီးခုတ်မောင်းနေသလိုပဲ တိရစ္ဆာန် ဖြစ်လိုက်၊ လူဖြစ်လိုက်၊နတ်ဖြစ်လိုက် နဲ့ ကျင်လည်နေကြရမှာပါပဲ။
ဒါကြောင့်မိမိတို့လောလောဆယ်ရနေတဲ့လူဘဝတန်ဘိုးမကျသွားအောင်ယုံကြည်ချက်သဒ္ဓါတရားကို လက်ကိုင်ထားပြီး လူတိုင်းအပေါ်မှာ စွန့်ကြဲ ၊ပေးကမ်း၊လှူဒါန်းဆိုတဲ့ဒါန၊ ကိုယ်ကျင့်တရားစွမ်းနိုင်သလောက် စောင့်ထိန်းခြင်းဆိုတဲ့သီလ၊ စိတ်ကိုယဉ်ကျေးအောင်ဆုံးမပြီး ငြိမ်းချမ်း အောင်လုပ် တဲ့ သမထ၊ ခန္ဓာအသိဖြစ်ပျက်နဲ့ ဉာဏ်အသိမဂ်ကိုက်အောင်လုပ်တဲ့ဝိပဿနာတို့ကို အားထုက်နိုင်အောင်ကျိုးစားကြပါစို့တိုက်တွန်းရင်း------
ဦးဇင်းလေး။

အပြည့်အစုံသို့...